" ကျေးဇူး "
ငါးရာ့ငါးဆယ် ၊ နိပါတ်ကယ်လျှင်
သင့်ဖွယ်မှတ်သိ ၊ မဟာသိဝ
ဇာတ်နိပါတ်တော် ရှိပါသည်။
သီးရွက်စုံလင် ၊ သစ်တစ်ပင်မှာ
ခုံမင်ကျေးငှက် ၊ နားခိုလျက်တည့်။
ကျေးငှက်အပေါင်း ၊ ခိုမှီအောင်းရာ
၎င်းသစ်ပင် ၊ ချိန်ကြာလျှင်ဖြင့်
အထွက်နည်းပါး ၊ သီနှံရှား၏။
ခိုနားနေလျက် ၊ ရှိသည့်ငှက်တို့
ခွဲထွက်လေလည်း ၊ တစ်ကောင်ထဲငှက်
နေမြဲလျက်ပင် ရှိချေသည်။
အိုမင်းရင့်ရော် ၊ ခြောက်ကပ်သော်မှ
တော်ရာစွန့်ခွာ ၊ သွားကြရာဝယ်....
သံယောဇဉ်ဘောင် ၊ နှစ်သက်ဆောင်သည့်
တစ်ကောင်ငှက်လေး ၊ ရှောင်မပြေးပဲ
ဘယ်ရေးအရပ် ၊ မခွာအပ်ဟု....
ခြောက်ကပ်သေဆုံး ၊ သစ်ငုတ်တုံးတွင်
စားသုံးအစာ ၊ သစ်ခေါက်ခွာလျက်
ပေါ်လာသည့်ပိုး ၊ အစာမျိုးသာ
နှုတ်ထိုးဆိတ်တောက် ၊ သူစားသောက်၏။
သစ်ခေါက်အဆွေး ၊ သစ်ပင်ပွေးတက်
သက်မွေးပိုးမွှား ၊ ဝမ်းရေးအားလျှင်
နောင်ရေးသစ်ပင် ၊ မလှချင်တော့။
ပင်အိုငုတ်ကျန် ၊ ခြေနေမှန်မှာ
လေဒဏ်မိုးဒဏ် ၊ နေပူဒဏ်ကြောင့်
တင်ကျန်ငုတ်တို ၊ သေးနုတ်ဆိုလဲ
ငှက်ညိုမခွဲ ၊ ရှိနေမြဲပင်။
အသင်ငှက်လေး ၊ ဘယ်အရေးကြောင့်
မပြေးမခွာ ၊ အနီးသာလျှင်
သင်ဟာစွဲကပ် ၊ နေထိုင်အပ်လော။
သင့်သဘောကို ၊ ပြောပြဆိုဟု
လူလိုသိကြား ၊ ဖန်ဆင်းထားကာ....
သီးများမရှိ ၊ ဘာမရှိနှင့်
သေဆုံးဘိလျှင် ၊ သစ်ခြောက်ပင်ဝယ်
ခင်တွယ်တပ်မက် ၊ တွယ်ကပ်လျက်သည်
သင့်တွက်ဘာများ ၊ အကျိုးများလိမ့်။
ဟိုတချိန်က
သူ့အသီးများ စားခဲ့ဖူးတယ်။
သူ့အရိပ်ကို ခိုခဲ့ဖူးတယ်။
သူ့ရဲ့ကိုင်းဖျား နားခဲ့ဖူးတယ်။
ခုချိန်သူ့မှာ ဘာမျှမရှိ။
မရှိချိန်ခါ သည်ချိန်မှာဖြင့်
များစွာခွဲခွာ ငါမခွာပြီ။
တစ်ရပ်တစ်ပါး ၊ ငါသွားခဲ့သော်
သူတော်ကျေးဇူး ၊ မသိကျူးသို့
ရွယ်စူးမရှိ ၊ ငါ့အသိလျှင်
တုံနိဘာဝေ မရှိပြီ။
မြေကြီးမြေခံ ၊ တင်ကျန်ပါစေ
မြေလွှာဖေါက်ထွက် ၊ အမြစ်ထက်မှာ
ငါဆက်ရပ်တည် ၊ နေပါမည်။
ဤမည်သိကြား ၊ ပီတိပွားကာ
ခွဲခြားသိမြင် ၊ နတ်ရေစင်ဖြင့်
ယူငင်ပက်ဖျန်း ၊ ပင်စိုလန်းကာ
ဆင်မြန်းခက်ဝေ ၊ ရွက်ပွင့်စေ၏။
များထွေရပ်ခွင် ၊ လူ့ပြည်တွင်လည်း
တင်ကျန်ကျေးဇူး ၊ ရှိခဲ့ဖူးက
ကျေးဇူးသိတတ် ၊ လွန်မြင့်မြတ်လျှင်
နတ်လူသာဓု ၊ ခေါ်ပြုထိုက်သည်
ဤနှိုက်ဥပမာ ၊ သဘောတည်း။ ။
" သစ်ရိပ်ညို "
ငါးရာ့ငါးဆယ် ၊ နိပါတ်ကယ်လျှင်
သင့်ဖွယ်မှတ်သိ ၊ မဟာသိဝ
ဇာတ်နိပါတ်တော် ရှိပါသည်။
သီးရွက်စုံလင် ၊ သစ်တစ်ပင်မှာ
ခုံမင်ကျေးငှက် ၊ နားခိုလျက်တည့်။
ကျေးငှက်အပေါင်း ၊ ခိုမှီအောင်းရာ
၎င်းသစ်ပင် ၊ ချိန်ကြာလျှင်ဖြင့်
အထွက်နည်းပါး ၊ သီနှံရှား၏။
ခိုနားနေလျက် ၊ ရှိသည့်ငှက်တို့
ခွဲထွက်လေလည်း ၊ တစ်ကောင်ထဲငှက်
နေမြဲလျက်ပင် ရှိချေသည်။
အိုမင်းရင့်ရော် ၊ ခြောက်ကပ်သော်မှ
တော်ရာစွန့်ခွာ ၊ သွားကြရာဝယ်....
သံယောဇဉ်ဘောင် ၊ နှစ်သက်ဆောင်သည့်
တစ်ကောင်ငှက်လေး ၊ ရှောင်မပြေးပဲ
ဘယ်ရေးအရပ် ၊ မခွာအပ်ဟု....
ခြောက်ကပ်သေဆုံး ၊ သစ်ငုတ်တုံးတွင်
စားသုံးအစာ ၊ သစ်ခေါက်ခွာလျက်
ပေါ်လာသည့်ပိုး ၊ အစာမျိုးသာ
နှုတ်ထိုးဆိတ်တောက် ၊ သူစားသောက်၏။
သစ်ခေါက်အဆွေး ၊ သစ်ပင်ပွေးတက်
သက်မွေးပိုးမွှား ၊ ဝမ်းရေးအားလျှင်
နောင်ရေးသစ်ပင် ၊ မလှချင်တော့။
ပင်အိုငုတ်ကျန် ၊ ခြေနေမှန်မှာ
လေဒဏ်မိုးဒဏ် ၊ နေပူဒဏ်ကြောင့်
တင်ကျန်ငုတ်တို ၊ သေးနုတ်ဆိုလဲ
ငှက်ညိုမခွဲ ၊ ရှိနေမြဲပင်။
အသင်ငှက်လေး ၊ ဘယ်အရေးကြောင့်
မပြေးမခွာ ၊ အနီးသာလျှင်
သင်ဟာစွဲကပ် ၊ နေထိုင်အပ်လော။
သင့်သဘောကို ၊ ပြောပြဆိုဟု
လူလိုသိကြား ၊ ဖန်ဆင်းထားကာ....
သီးများမရှိ ၊ ဘာမရှိနှင့်
သေဆုံးဘိလျှင် ၊ သစ်ခြောက်ပင်ဝယ်
ခင်တွယ်တပ်မက် ၊ တွယ်ကပ်လျက်သည်
သင့်တွက်ဘာများ ၊ အကျိုးများလိမ့်။
ဟိုတချိန်က
သူ့အသီးများ စားခဲ့ဖူးတယ်။
သူ့အရိပ်ကို ခိုခဲ့ဖူးတယ်။
သူ့ရဲ့ကိုင်းဖျား နားခဲ့ဖူးတယ်။
ခုချိန်သူ့မှာ ဘာမျှမရှိ။
မရှိချိန်ခါ သည်ချိန်မှာဖြင့်
များစွာခွဲခွာ ငါမခွာပြီ။
တစ်ရပ်တစ်ပါး ၊ ငါသွားခဲ့သော်
သူတော်ကျေးဇူး ၊ မသိကျူးသို့
ရွယ်စူးမရှိ ၊ ငါ့အသိလျှင်
တုံနိဘာဝေ မရှိပြီ။
မြေကြီးမြေခံ ၊ တင်ကျန်ပါစေ
မြေလွှာဖေါက်ထွက် ၊ အမြစ်ထက်မှာ
ငါဆက်ရပ်တည် ၊ နေပါမည်။
ဤမည်သိကြား ၊ ပီတိပွားကာ
ခွဲခြားသိမြင် ၊ နတ်ရေစင်ဖြင့်
ယူငင်ပက်ဖျန်း ၊ ပင်စိုလန်းကာ
ဆင်မြန်းခက်ဝေ ၊ ရွက်ပွင့်စေ၏။
များထွေရပ်ခွင် ၊ လူ့ပြည်တွင်လည်း
တင်ကျန်ကျေးဇူး ၊ ရှိခဲ့ဖူးက
ကျေးဇူးသိတတ် ၊ လွန်မြင့်မြတ်လျှင်
နတ်လူသာဓု ၊ ခေါ်ပြုထိုက်သည်
ဤနှိုက်ဥပမာ ၊ သဘောတည်း။ ။
" သစ်ရိပ်ညို "
No comments:
Post a Comment