Friday, July 20, 2018

ကဗျာစာပေတို့စာပေ

" ကဗျာ စာပေ တို့စာပေ "


အတွေး စုံဆန် ၊ မေတ္တာ ခံဖြင့်

စာဟန် ချယ်သ ၊ ကဗျာ လှတွေ

မိုးကျ ရွှေကိုယ် ၊ ပါးလျား၏။


မိုးကျ ရွှေကိုယ် ၊ စာညွှန်း ဆိုလည်း

ကြုံထို ခဏ ၊ အိပ်မက် မျှပင်

တည်ကြ မြူသွင် ၊ ပါးလျား၏။


တည်ကြ မြူသွင် ၊ မဆင်ခြင် ဘဲ

ငါလျှင် ငါဘဲ ၊ မာန ခဲက

ရေထဲ ဆင်းသို့ ၊ ပါးလျား၏။


ရေထဲ ဆင်းသို့ ၊ ပွားကံ ချို့တဲ့

ရင်ဆို့ ပေစာ ၊ ခါ တစ်ရာ ရေး

ယဉ်ရှာ စိတ်ကူး ၊ ပါးလျား၏။


ယဉ်ရှာ စိတ်ကူး ၊ စာသံ ကြူးလည်း

စိတ်ကူး ယဉ်လှ ၊ သာမည သာ

ဘဝ ကောင်းဆိုး ၊ ပါးလျား၏။


ဘဝ ကောင်းဆိုး ၊ ကံ သုံးမျိုး တွင်

မြတ်နိုး ဓမ္မ ၊ အမှန် ပြစေ

ဘဝ ခြေခံ ၊ ကောင်းဖို့တည်း။


ဘဝ ခြေခံ ၊ စိတ်ကူး ဥာဏ်မြှင့်

ကောင်းကံ တင့်စေ ၊ တို့ စာပေ ဖြင့်

လူထွေ စိတ်မှန် ၊ ကောင်းဖို့တည်း။ ။


" သစ်ရိပ်ညို "

No comments:

Post a Comment